Engine Flush - FAQ - PART II


 

ဒီနေ့မှာ Engine Flush နဲ့ ပတ်သတ်ပြီး အမေးများတဲ့ မေးခွန်းနဲ့ အဖြေလေးတွေ ရဲ့ Part II လေးကို ဆက်ပြီး မျှဝေ ပေးလိုက် ပါတယ် ခင်ဗျာ။

5. ကီလို ဘယ်လောက်များများ အထိ သုံးလို့ရနိုင်လဲ?

ကီလို ၁၀၀,၀၀၀ အောက် ကား တွေမှာ Technician မှ အင်ဂျင်ဝိုင် အနည်ထိုင်မှု အခြေအနေကို စစ်ဆေးပြီး သင့်တော်ပါက အသုံးပြု နိုင်ပါတယ်။

ကီလို ၂၀,၀၀၀ တိုင်း တစ်ခါ သုံးသွား ရင်တော့ ကီလို ၁၀၀,၀၀၀ ကျော် ရင်လည်း အသုံးပြုနိုင်ပါတယ်။

6. တစ်ခါသုံးပြီးရင် နောက်ထပ် အမြဲသုံးဖို့ လိုလား?

Toyota Genuine EFA ကို ကီလို ၂၀,၀၀၀ တိုင်း ပုံမှန်အသုံးပြုပေးသွားခြင်းအားဖြင့် ဆီစားသက်သာခြင်း၊ အင်ဂျင်ပါဝါ ကောင်းလာခြင်း၊ အင်ဂျင် သက်တမ်း ကြာရှည်ခံခြင်း စတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။

7. အင်ဂျင်ဝိုင် လဲရင် Engine Flush က အမြဲသုံးပေးရလား?

အင်ဂျင်ဝိုင်ကို ကီလို ၅,၀၀၀ တိုင်း တစ်ခါ လဲရတာ ဖြစ်တဲ့ အတွက်ကြောင့် EFA ကို အမြဲသုံးပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကီလို ၂၀,၀၀၀ တိုင်း PM Service လုပ်တဲ့ အခါမှာတော့ Toyota Genuine EFA ကို အင်ဂျင်ဝိုင်၊ အင်ဂျင်ဝိုင်စစ် (Filter) လဲရင်းနဲ့ တစ်ခါထဲ အသုံးပြုပေးသင့်ပါတယ်။

8. ကီလို ၁၀၀,၀၀၀ ကျော်ရင် ဘာလို့မသုံးရတာလဲ?

Service Record မသိတဲ့ ကားမျိုးတွေမှာ အင်ဂျင်ထဲမှာ အနည်တွေအရမ်းများနေရင် Engine Flush သုံးလိုက်တဲ့အခါ အနည်တွေပျော်ကျပြီး အင်ဂျင်ဝိုင်ဆီလိုင်းတွေကို ပိတ်သွားစေနိုင်ပါတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်အဖုံးဖွင့်စစ်ကြည့်လို့ အနည်အရမ်းထိုင်နေတဲ့ကားတွေမှာဆိုရင် မသုံးသင့်ပါဘူး။

ဒါဆိုရင် EFA ကို သုံးကြည့်ဖို့ အဆင်ပြေလောက်ပြီး ထင်ပါတယ် Toyota Fan တို့ရေ…

 

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

Taunggyi

Toyota Mingalar: (09) 407 799 993

Lashio

Toyota GW Lion: (09) 8 999 444 19

 

 

 

 

 

Comments