Starter Motor မကောင်းတော့ဘူး ဆိုရင်တော့...

 


Toyota fan တို့ရေ Starter Motor အကြောင်းလေး မျှဝေ လိုက်ပါတယ် ခင်ဗျာ။

Starter Motor ဆိုတာ ဘာလဲ...?

Starter Motor ဆိုတာ ကားအင်ဂျင်ကို စတင် လည်ပတ် နိုင်အောင် ပြုလုပ်ပေး တဲ့ လျှပ်စစ် မော်တာတစ်လုံး  ဖြစ်ပါတယ်။ ဒါကြောင့်  Starter Motor ဟာ အင်ဂျင် လည်ပတ် စေဖို့ မြင့်မားတဲ့ လျှပ်စစ်စွမ်းအင် ကို ကားရဲ့ Battery ကနေ တိုက်ရိုက် ယူရပါတယ်။

Starter Motor ကတော့ အခြေခံအနေ နဲ့ ကားသော့အုံ (Ignition Switch) အားကောင်းတဲ့ Battery ၊  Fuse Starter Relay Park & Neutral Safety Switch Starter Solenoid Starter Motor Battery Cable Wire တို့နဲ့ ဖွဲ့စည်းထား တာပဲ ဖြစ်ပါတယ်။

Starter Motor မကောင်းတော့ဘူး ဆိုရင်တော့...

Starter Motor မကောင်း တော့ဘူး ဆိုရင် မော်တာ မလည်ပဲ ဖြစ်နေ တက်ပါတယ်။  Motor မလည်ရင် ကားစက်နှိုး လို့ မရပဲ ဖြစ်နေ ပါလိမ့်မယ်။ တစ်ခါတစ်လေ အင်ဂျင်စက် နိုးသွားတဲ့ အချိန် သော့တံလညှ့် ထားတာ ကို လက်လွှတ် လိုက်ရင် Starter Solenoid ပြန်ခွာ သွားပြီး Motor ရပ်သွား တက်ပါတယ်။ Motor တစ်ချက်တည်း ဆွဲလိုက်ရုံနဲ့ စက်မနိုးပါဘူး။ Motor ကို အနားမပေးဘဲ အချိန်ကြာကြာလည်းမဆွဲသင့်ပါဖူး။ အကယ်၍ အချိန်ကြာကြာ ဆွဲထား မယ်ဆိုရင် Motor ပူလာပြီး ကွိုင်တွေ ၊ဝါယာတွေ လောင်ကျွမ်း သွား တတ် ပါတယ်။ နောက်ပြီး မော်တာ ကာဗွန်စားပြီး တိုနေမယ်ဆိုရင်၊ Battery ငုတ် (အဆက်အသွယ်များ) ဆားပေါက် နေမယ် ဆိုရင် လိုအပ်တဲ့ လျှပ်စစ် ပမာဏဟာ Starter Motor ဆီ မရောက်ပဲ ဖြစ်နေ တက်ပါတယ်။ ဒါကြောင့် Starter Motor ကို စစ်ဆေးကြည့်ပြီး ပြုပြင်ဖို့ လိုခဲ့ရင်တော့ ပြုပြင် လဲလှယ် သင့်ပါတယ် ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19


Comments