Toyota Fan တို့ရေ မိုးထဲ လေထဲ သွားလာ တဲ့ အခါ ဘေးကင်းစွာ မောင်းနှင်နိုင်ရန် အကြံပြုချက်လေးတွေ ပြောပြ လိုက်ပါတယ် ခင်ဗျာ။

၁. အချိန်

မိုးရွာသွန်းမှု ကြောင့် ယာဉ်ကြော ကျပ်တည်းမှု ဖြစ်နိုင်တဲ့ အတွက် သွားလာမှု အတွက် အချိန်ကို ပိုတွက်ချက် ပေးရပါမယ်။ ဥပမာ- ၁၅ မိနစ် နဲ့ ရောက်နေကြ နေရာ တစ်ခု ကို မိနစ် ၃၀ ပိုတွက်ပြီး အိမ်မှ ထွက်ပါ။

၂. အကွာအဝေး သတ်မှတ်ချက်

မိမိကား နဲ့ မိမိကား ရှေ့မှ ကားကြား ရှိ အကွာအဝေး ကို ၄၅ မီတာ ထားပြီး မောင်းနှင်ပါ။

၃. အမြန်နှုန်း သတ်မှတ်ချက်

အရှိန် ကန့်သတ်ချက် ကို လိုက်နာပြီး တစ်နာရီ ကီလိုမီတာ ၂၅ ထက်မပိုဘဲ မိုးရေထဲတွင် အရှိန်လျှော့မောင်းပါ။ စိုစွတ်တဲ့အခါ လမ်းတွေက  အရမ်း ချော်နိုင်တဲ့ အတွက်ဖြစ်ပါတယ်။

၄. အလင်း

မိုးရာသီတွင် ကားမောင်းတဲ့အခါ ရှေ့မီးကို ဖွင့်မောင်းပါ။

၅. Windscreen Wipers

လေကာမှန် Wipers များ ကောင်းမွန်စွာ အလုပ် လုပ် မလုပ် ကို စစ်ဆေးပါ။ လိုအပ်ပါက Wiper Blades ကိုပြောင်းပါ။

၆.အချက်ပြ သင်္ကေတများ ကိုဖတ်ပါ။

ရွေ့လျားနေသော ရေကို ဖြတ်၍ မြေပြင် ကို မမြင်ရလျှင် ဘယ်တော့မှ မမောင်းပါနဲ့။ လမ်းအတားအဆီး တွေ ကို ပတ်၍ မမောင်းနှင် ပါနှင့်။

ဘေးကင်းစွာ ဖြင့် ဂရုတစိုက် မောင်းနှင်ကြ ပြီး လိုရာ ခရီး ကို အန္တာရာယ် ကင်းကင်း ရောက်နိုင် ပါစေ ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000


 Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

Comments