Seat Belt ဘာကြောင့် ပျက်စီးတာလဲ?


 Toyota fan တို့ရေ လမ်းမတွေ ပေါ်မှာ နေ့စဉ် မောင်းနှင် နေရတော့ မိမိရဲ့ လုံခြုံရေး အတွက် Seat Belt လေးတော့ ကားပေါ်တက်ပြီး ဆိုတာနဲ့ တပ်ဖို့ သတိရပါ ခင်ဗျာ။

Seat Belt ဆိုတာ ကားပေါ်မှာ စီးနင်း လိုက်ပါ လာတဲ့ လူတွေရဲ့ အသက်အန္တရာယ် ကို ကာကွယ်ပေးတဲ့ Active Safety Device ဖြစ်ပါတယ်။ Seat Belt ကို ကားမောင်းတဲ့ အခါမှာ ရော လိုက်ပါ စီးနင်းတဲ့ အခါမှာ ရော တပ်ဆင် အသုံးပြုဖို့ တစ်ကယ် လိုအပ်ပါတယ်။

ကား မတော်တဆမှုနဲ့ ကြုံတဲ့အခါ အဓိက အန္တရာယ်ကို ကာကွယ်ပေးတာက Seat Belt လို့ ပြောလို့ရပါတယ်။ Seat Belt တွေက အသုံးပြုတာ ကြာလာတာ နဲ့ အမျှ ခါးပတ် ဆွဲထုတ် မရတာမျိုး၊ ခါးပတ်ပြန်မဝင်တော့ တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲ Seat Belt တွေ အလုပ်မလုပ် တော့ တာလဲ?

၁) Retractor Spring ကျိုးခြင်း : Retractor ဆိုတာ ခါးပတ် ကို ခါးပတ်အိမ်ထဲ ကို ဆွဲသွင်းပေးတဲ့ Spring ပါ။ အဲ့ Spring ကျိုး သွားရင် ခါးပတ် က ခါးပတ်အိမ်ကို ဆွဲ မသွင်းတော့ ပါဘူး။ အဲ့လို အခြေအနေ ဆိုရင်တော့ ခါးပတ်ကြိုး တစ်ခုလုံး လဲပေးမှ ရတော့မှာပါ။

၂) Retractor (သို့) Webbing (ခါးပတ်ပြား) အလိုင်းမင်း မတည့်ခြင်း : Retractor ဆိုတာ Webbing ကို ခါးပတ် အိမ်ထဲပြန်ဆွဲ ပေးဖို့  သတ်မှတ်ထား တဲ့ ထောင့်ချိုးရှိပါတယ်။

Retractor တပ်ဆင်ထားတဲ့ အခါ အလိုင်းမင်း မတည့် တာကြောင့်လဲ ခါးပတ်ထဲကို ပြန်မဝင်ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ ကတော့ Modify လုပ်ထားတဲ့ ကားတွေမှာ အဖြစ်များ ပါတယ်။

၃) Retractor တွင်း ပျက်ဆီးခြင်း : မသန့်ရှင်းတဲ့ အမှုန်အမွှားတွေ ဖုန်တွေ ခါးပတ်မှာ ကပ်နေရင်လဲ Retractor အတွင်း ပျက်ဆီးမှု ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် Seat Belt သန့်ရှင်းအောင်လည်း သေချာ ဂရုစိုက်ပေးပါ။

၄) Pretensioner ပျက်စီးခြင်း : ကား မတော်တဆမှု ကြုံတွေ့တဲ့ အခါ Seat Belt ရဲ့ Pretensioner လည်း ပျက်စီး သွားမှာပါ။ ဒါဆို ရင်တော့ Pretensioner Assembly (ခါးပတ်အိမ်) တစ်ခု လုံး အသစ်လဲရမှာပါ။

ကဲ... မိမိကား ရဲ့ Seat Belt တွေ ကို သေချာစစ်ဆေးပြီး သန့်ရှင့်ပေးဖို့နဲ့ လိုအပ်ရင် လဲလှယ်ပေးဖို့ သတိရကြပါ ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000 


Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4


Taunggyi

Toyota Mingalar: (09) 407 799 993


Lashio

Toyota GW Lion: (09) 8 999 444 19

Comments