Water Pump ဆိုတာ!


Hello!!! Toyota Fan ပရိတ်သတ် တို့ ရေ Water Pump အကြောင်းလေး မျှဝေ လိုက်ပါတယ် ခင်ဗျာ။

Water Pump ဆိုတာ!

ကားတစ်စီးရဲ့ Cooling System မှာ Water Pump (ရေလည်အုံ)၊ Radiator (ရေတိုင်ကီ)၊ Radiator Cap (ရေတိုင်ကီအဖုံး)၊ Cooling Fan (ပန်ကာ) , ThermostatSub Tank (ရေပြန်ဗူး) စတဲ့ ပစ္စည်းတွေ နဲ့ ဖွဲ့စည်း ထားပါတယ်။

Cooling System က အင်ဂျင်ပုံမှန် လည်ပတ် စေဖို့ အတွက် သတ်မှတ် အပူချိန်တစ်ခု ကို ထိန်းထားပေးရပါတယ်။ Water Pump ဆိုတာ Cooling System မှာ အဓိက ကျတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဘာလို့ ပျက်စီး တာလဲ?

Water Pump ပျက်စီး ရတဲ့ အကြောင်းတွေ ကတော့ Coolant ထည့်ရမဲ့ အစား ရိုးရိုးရေ ကို အသုံးပြုမိခြင်း နဲ့ Coolant ကို သူ့ အချိုးအစား အတိုင်း ရေ နဲ့ ရောမသုံး ပဲ Coolant 100% အဆီ ကို သုံးမိခြင်း ကြောင့် ပန်ကာတွေ ပွန်းစားပီး Water Pump ဆွေးမြေ့ ပျက်စီး လာရ တာပါ။ နောက်တစ်ခု က ပန်ကာကြိုး တင်းလွန်းခြင်း ကြောင့်လဲ ရေလည်အုံ Shaft စောင်းကာ Seal များ ပျက်စီးပြီး Water Pump ပျက်စီး တတ်ပါတယ်။

Water Pump ပျက်စီးရင် ဘယ်လို သိနိုင်လဲ?

Coolant တွေ ယိုစိမ့် ကျလာမယ်။ ငြီးသံထွက်နေမယ်။ ရေလည်အုံ Shaft က ကစားနေမယ်။ Heat Gauge မှာ ကားစက် နိုးထားစဥ် Hot & Cold ကြားမှာ အမှတ်က တည်ငြိမ် နေရမှာ ကို မငြိမ်နေဘူး ဆိုရင်လဲ Water Pump ပျက်စီး နေပြီဆိုတာ သိနိုင်ပါတယ်။ မပြုပြင်ပဲ ဆက် သုံးနေမယ် ဆိုရင် အင်ဂျင် Over Heat တတ်ပြီး စက်ထိုး ရပ်ကာ ပြုပြင် ကုန်ကျမှု စရိတ် လိုတာထက် ပိုများ သွားပါလိမ့်မယ်။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993 

Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

 Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

Comments