ABS (Anti-Lock Brake System) ဆိုတာ?


 

Toyota Fan တို့ရေ ABS ဆိုတဲ့ Safety Active System က ရင်းနှီးပြီးသား ဆိုပေမယ့် သေချာလေး ထပ်ပြီး သိစေချင်လို့ ပြန်လည် မျှဝေ ပေးမယ်နော်။

ABS (Anti-Lock Brake System) ဆိုတာ?

Brake ပိုင်းနဲ့ ပတ်သတ်တဲ့ System တစ်ခုဖြစ်ပြီး ဘရိတ်နင်း လိုက်တဲ့ အခါ လည်ပတ်နေတဲ့ ဘီးတွေကို ရုတ်တရက် ဖမ်းလိုက်တာမျိုး မဟုတ်ပဲ လိုသလောက်ပဲ ဖမ်းချုပ်တဲ့ System တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပြီး Brake ရုတ်တရက် နင်းထား လိုက်တဲ့ အချိန်မှာ ကားကို ချော်ထွက် မသွားအောင် ထိန်းချုပ် တဲ့ စနစ်ပဲ ဖြစ်ပါတယ်။

ABS မပါရင် ဘာတွေ ဖြစ်နိုင်လဲ?

ABS သာ မပါဖူး ဆိုရင်တော့ ကားဟာ အရှိန်ပြင်းပြင်း နဲ့ မောင်းနှင် နေရာ ကနေ ရုတ်တရက် Brake နင်းပြီး ထိုးရပ် လိုက်မယ် ဆိုရင် ကား စတီယာရင် ကို လိုသလို ထိန်းချုပ်လို့ မရတော့ဘဲ ဖြစ်နေမယ်။ ‌‌‌စိုစွတ်နေ တဲ့ လမ်းမ ပေါ်တွေမှာ ဆိုရင်လည်း ကားဘီးချော်တာ ကားစလစ် ဖြစ်တာ စတာ တွေအပြင် မညီညာတဲ့ လမ်းမ ပေါ်တွေ မှာလည်း Brake နင်းတဲ့အခါ ကားဟာ တည်ငြိမ် တာမျိုး မရှိတဲ့ အပြင် လမ်းမညီ တာကြောင့်လည်း ဘီးချော်တာ တွေ ဖြစ်နိုင် ပါတယ်။

ABS မကောင်းရင်?

ABS မကောင်းတာ ဒါမှမဟုတ် ABS နဲ့ ပတ်သတ်ပြီး တစ်ခုခု ဖြစ်နေတယ် ဆိုရင် ကားဒိုင်းခွက်မှာ ABS အချက်ပြမီး က တောက်လျှောက် လင်းနေမှာ ဖြစ်ပါတယ်။

နောက်တစ်ချက် ကတော့ Brake Warning Light အချက်ပြ မီးလေးပါ ဟန်းဘရိတ် ဆွဲထားတဲ့ အချိန်၊ ဘရိတ်ဆီ နည်းနေတဲ့ အချိန်၊ ဘရိတ်ရှူးတွေ ပါးနေတဲ့ အချိန်တွေ မှာဆိုရင် ဒီ မီးလေးက အချက်ပြမှာ ဖြစ်ပါတယ်။

အရေးအကြီးဆုံး အချက် ကတော့  ABS အချက်ပြမီး‌ နဲ့ Brake Warning Light အချက်ပြ မီး နှစ်ခုလုံး လင်းနေမယ် ဆိုရင်တော့ Brake စနစ်တစ်ခုလုံး ချွတ်ယွင်းနေပြီး ဖြစ်ပါတယ်။

ဒါကြောင့် ယခုလို မိုးရာသီမှာ Brake system က အရေးကြီး တာကြောင့် အထူးဂရုစိုက် ပေးရပါမယ်။

ကဲ... မိမိတို့ ကားလေး ရဲ့ ABS System လေး ကောင်းရဲ့လား? သေချာစစ်ဆေးပေး ဖို့ မမေ့ကြ ပါနဲ့ ခင်ဗျာ။

 

Yangon

 Toyota Aye and Sons: (01) 540 740, (01) 400 950

 Toyota Mingalar: (09) 405 402 233, (09)405 399 993

 Toyota Taw Win: (09) 770 552 000

 

Mandalay

 Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

 Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

 Toyota Mingalar: (09) 407 799 993

 

Lashio

 Toyota GW Lion: (09) 8 999 444 19

Comments