Charcoal Canister မကောင်းတော့ဖူးဆိုရင်.


 

Toyota Fan တို့ရေ ဒီတစ်ခါ မှာ Charcoal Canister အကြောင်းကို မျှဝေပေး လိုက်ပါတယ် ခင်ဗျာ။

Charcoal Canister (ကျောက်မီးသွေးဗူး) ဆိုတာ!

Charcoal Canister ကို များသော အားဖြင့် အမဲရောင် ပလစ်စတစ်ဗူးလေး တစ်ဗူး အဖြစ်နဲ့ တွေ့ရပြီး ဗူးထဲ မှာတော့ ကျောက်မီးသွေး ထည့်ထား တာပဲ ဖြစ်ပါတယ်။ သူရဲ့ အဓိက လုပ်ဆောင်ချက် ကတော့ သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းမှု မဖြစ်ပေါ် စေရန် ထိန်းသိမ်းပြီး ပြန်လည် အသုံးပြု ရတာပဲ ဖြစ်တယ်။

ဆီတိုင်ကီ ထဲက ဆီတွေဟာ အပူချိန်ကြောင့် အချိန်တိုင်း အငွေ့ပျံ နေကြတယ်။ ပျံတက်လာတဲ့ အငွေ့တွေဟာ Charcoal Canister ထဲကို စီး၀င်သွားပြီး ဒီ ဆီပြန်ဗူးလေး ကပဲ ဒီ အငွေ့ တွေကို ထိန်းသိမ်း ပေးထားတာ ဖြစ်ပါတယ်။ အဲ့နောက် မှာတော့ အင်ဂျင်ပေါက်လောင်ခန်း ထဲကို ထည့်‌ပေး ပါတယ်။

Charcoal Canister မကောင်းတော့ဖူးဆိုရင်.

ကားရဲ့  Hydrocarbon ထုတ်လွှတ်မှု သိသိသာသာ မြင့်တက် လာပြီ ဆိုရင် Charcoal Canister မှာ အမှားအယွင်း ရှိတာ ဖြစ်နေနိုင်ပါတယ်။ 

Charcoal Canister မကောင်း တော့ပဲ ကာဗွန်ချိုး တွေများပြီး ပိတ်ဆို့ နေမယ် ဆိုရင်တော့ အင်ဂျင်ခန်းထဲ ကနေ ဆီနံ့တွေ ရနေ တတ်ပါတယ်။  

အဲ့ဒီလို ဆိုရင် သဘာဝပတ်ဝန်းကျင် ကိုလဲ ထိခိုက် လာနိုင် ပါတယ်။

ဒါဆိုရင် မိမိကား ရဲ့ Charcoal Canister ကောင်းမကောင်း စစ်ဆေး ပေးဖို့ မမေ့ပါနဲ့ ခင်ဗျာ။

 

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

 

 Taunggyi

 Toyota Mingalar: (09) 407 799 993

 

 Lashio

 Toyota GW Lion: (09) 8 999 444 19

 

Comments