Main Oil Seal ဆိုတာ?

Toyota Fan တို့ရေ ဒီတစ်ပတ်မှာ တော့ Knowledge Sharing အနေနဲ့ ကားတစ်စီးရဲ့ အစိတ်အပိုင်းတွေ ထဲ က Main Oil Seal အကြောင်းလေး ကို ပြောပြပေး လိုက်ပါတယ်။

Main Oil Seal ဆိုတာ?

အင်ဂျင်အတွင်း မှ ဆီတွေ မယိုစိမ့်အောင်၊ ပြင်ပက နေလာတဲ့ ဖုန်တွေ သဲတွေ နောက်ပြီး ရေတွေ မ၀င်အောင် ကာကွယ်ပေး တဲ့ ပစ္စည်း တစ်ခု လို့ ပြောရ မှာပဲ ဖြစ်ပါတယ်။ Main Oil Seal ဆိုတာ Fly Wheel ဒါမှမဟုတ် Flex Brake ဘက်မှာ ရှိတဲ့ Engine Oil Seal ကို ပြောတာပဲ ဖြစ်ပါတယ်။

Main Oil Seal က ဘာကြောင့် အရေးကြီးတာလဲ?

Main Oil Seal က စျေးအများကြီး ပေးဝယ် ရတဲ့ ပစ္စည်းလေး မဟုတ်ပေမယ့် အရည်အသွေးနိမ့် တဲ့ ပစ္စည်းကို လဲလှယ်တယ် ဆိုရင် မလိုအပ်တဲ့ ကုန်ကျမှု တွေ အပြင် ဆီမလုံတာ တွေပါ ဖြစ်လာ တက်ပါတယ်။ ဆီမလုံတာ ကို မပြုပြင်ပဲ ထားမယ် ဆိုရင် အင်ဂျင်၀ိုင် လျော့နည်းမှု ကို ဖြစ်ပေါ် စေနိုင်ပြီး ရေရှည်မှာ အင်ဂျင် ကိုပါ ထိခိုက် နိုင်ပါတယ်။

Main Oil Seal ဆီယိုစိမ့် လို့ အသစ်လဲ ရတော့မယ် ဆိုရင် လည်း ဂီယာဘောက်ပါ ဖြုတ်ချပစ်ရပါတယ်။ ဒါတွေကို ဖြုတ်ချ ရတာကြောင့် အချိန် ကြာမြင့်စွာ ပေးရပြီး အချိန်လည်း ကုန်ငွေလည်းကုန် ဖြစ်စေ နိုင်တာကြောင့် အတက်နိုင်ဆုံး စစ်ဆေး ပေးသင့် ပါတယ်။ 

အသစ် လဲလှယ်တဲ့ အခါ Main Oil Seal အနားသား လိမ်နေတာ၊ အထိုင်မကျတာ၊ စောင်းနေတာ၊ အ‌‌‌ရည်အသွေးနိမ့်တဲ့ Oil Seal ကို သုံးမိတာ တွေဟာ Main Oil Seal ကို ပျက်စီး စေတဲ့ အရာတွေ ဖြစ်နိုင် တာကြောင့် သေချာဂရုတစိုက် စစ်ဆေးဖို့ လိုအပ်ပါတယ် ခင်ဗျာ။

မိမိကားလေး ဆီယိုစိမ့် နေခဲ့ရင် Main Oil Seal  ကြောင့် ဆီယိုနေတာလား ဆိုတာလေး ကို သတိရပြီး စစ်ဆေးကြည့်ပါ Toyota ချစ်သူ တို့ ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

Comments