Hilux Adventure မှာပါတဲ့ TSS (Toyota Safety Sense) System


Hilux Adventure မှာ TSS System (Toyota Safety Sense) ဆိုတဲ့ ကြိုတင် အသိပေးနိုင်တဲ့ နည်းပညာကို ထည့်သွင်း ပေးထားပါတယ်။

Toyota ရဲ့ နည်းပညာတွေထဲက တစ်ခုဖြစ်တဲ့ TSS System ရဲ့ လုပ်ဆောင်ချက်တွေ က ဘယ်လိုလုပ်ဆောင်လဲ ဆိုတာ ကို ထပ်ပြီးတော့ Sharing လုပ်ပေးလိုက်ပါတယ် ခင်ဗျာ။

  ယာဉ်တိုက်မှု မဖြစ်ပေါ်စေရန် ကြိုတင်သတိပေးသောစနစ် (Pre-collision System)

  အလိုအလျောက် အရှိန်နှုန်း ထိန်းချုပ်ပေးသောစနစ် (Dynamic Radar Cruise Control)

  ယာဉ်လမ်းကြောင်း လွှဲပြောင်းသွားခြင်းမှ ကာကွယ်ပေးသောစနစ် (Lane Departure Alert with Steering Control/ Lane Tracing Assist)

(1). ယာဉ်တိုက်မှု မဖြစ်ပေါ်စေရန် ကြိုတင်သတိပေးသောစနစ် (Pre-collision System)

 PCS ရဲ့ လုပ်ဆောင်ချက် ကတော့ မီလီမီတာလှိင်းရေဒါများ နှင့် ကင်မရာဆင်ဆာများ မှ ရှေ့တွင် ရှိသော ယာဉ်တိုက်နိုင်မှု ကို ကြိုတင် ခန့်မှန်းသတိပေးတဲ့ အတွက် ယာဉ်တိုက်မှု ဖြစ်စေခြင်း မှ ရှောင်ရှားစေနိုင်ပါတယ်။ အကယ်၍ ယာဉ်မောင်း သည် အနီးကပ် ယာဉ်တိုက်မှု ဖြစ်စေခြင်း နဲ့ ကြုံတွေ့ တော့မယ့် အခြေအနေမှာပင် ယာဉ်မောင်းသူ က ဘရိတ်ခြေနင်းပြား ကို မနင်းမိသော အခါတွင် PCS စနစ်က ယာဉ်တိုက်မှု ကြိုတင်ကာကွယ်ပေးသော ဘရိတ်များကို လုပ်ဆောင်စေပြီး ယာဉ် နှင့် ယာဉ်မောင်း ကို ထိခိုက်မှု အနည်းဆုံး အခြေအနေ ဖြစ်အောင် ကာကွယ်ပေး ပါတယ်။

(2). အလိုအလျောက် အရှိန်နှုန်း ထိန်းချုပ်ပေးသောစနစ် (Dynamic Radar Cruise Control)

DRCC ရဲ့ လုပ်ဆောင်ချက် ကတော့ မီလီမီတာလှိင်းရေဒါများ နှင့် မိုနိုကူလာ ကင်မရာဆင်ဆာများ မှ တဆင့် မိမိယာဉ် နှင့် ရှေ့ယာဉ် ကို စိတ်ချရသော အကာအကွယ်တစ်ခုတွင် နောက်မှ လိုက်ပါမောင်းနှင် စေသော စနစ်ဖြစ်ပါတယ်။ (မိမိယာဉ် နှင့် ရှေ့ယာဉ် အကွာအဝေးကို မိမိသတ်မှတ်လိုသော အကွာအဝေး တစ်ခု ဖြစ်အောင် အရင် သတ်မှတ်ထားရပါမယ်။)

(3). ယာဉ်လမ်းကြောင်း လွှပြောင်းသွားခြင်းမှ ကာကွယ်ပေးသောစနစ် (Lane Departure Alert with Steering Control/ Lane Tracing Assist)

ယာဉ်မောင်း မှ အချက်ပြမှု မလုပ်ဆောင်ဘဲ ယာဉ်သည် လမ်းကြောင်းကနေ ချော်ထွက်သွားတဲ့ အချိန်မှာ LDA စနစ်က အချက်ပေးသံ နှင့် အချက်ပြမီးခွက်များမှ သတိပေးခြင်းကို လုပ်ဆောင်ပေးပါတယ်။ LDA စနစ် က ယာဉ် ကို လမ်းကြောင်းမှန် မှ လွှပြောင်း ချော်ထွက် သွားခြင်းမှ တားဆီးကာကွယ် ပေးပါတယ်။

Toyota Safety Sense ကို ထည့်သွင်းထားတာကြောင့် Hilux Adventure နဲ့ ဆိုရင် လမ်းခရီးတိုင်း ကို လုံခြုံစွာ ဖြတ်သန်း နိုင်မှာပါ။

 Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 Mandalay

Toyota GW Lion: (09) 969 700 001 ~ 3

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

Taunggyi

Toyota Mingalar: (09) 407 799 993

 Lashio

Toyota GW Lion: (09) 8 999 444 19

Comments

Post a Comment