Toyota Rush မှာ ဘယ်လိုမျိုး Safety Features တွေပါဝင်လဲ??

 


လွန်ခဲ့တဲ့နှစ်အတော်ကြာကြာတုန်းက ကားတစ်စီးဝယ်မယ်ဆိုရင်  ကားမော်ဒယ်၊ ဒီဇိုင်း၊ ဈေးနှုန်း စတာတွေကို အဓိကထားပြီး ဆုံးဖြတ်ကြပါတယ်။ ခုနောက်ပိုင်းမှာတော့ ဝယ်ယူသူတွေဟာ ဒီကားမှာ ဘယ်လို ဘေးကင်းစေတဲ့ စနစ် (safety features) တွေ တပ်ဆင်ထားလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားလာကြပါတယ်။ အရင်ကဆို ကလေးကို ကားစီးရင် ကလေးခုံမှာ ထားစီးရမယ်ဆိုတာ မသိကြပါဘူး။ ခုနောက်ပိုင်းမှာ တော့ ကလေးရှိတဲ့မိသားစုတွေဟာ ကားဝယ်မယ်ဆို ကလေးထိုင်ခုံတပ်ဖို့အတွက် safety feature ဖြစ်တဲ့ ISOFIX ပါမပါ ကိုပါကြည့်လာကြပါတယ်

အရင်တစ်ရက်က Toyota Safety Sense (TSS) အကြောင်းပြောပြထားပြီးပြီဆိုတော့ Toyota SUV တွေထဲက ASEAN NCAP 5 Stars safety rating ရရှိထားတဲ့ Toyota Rush မှာ ဘယ်လိုမျိုး Safety Features တွေပါဝင်လဲဆိုတာကို မျှဝေလိုက်ပါတယ်။

Toyota Rush ကို မောင်းနှင်သူ ရော စီးနှင်းသူ တို့ကပါ လုံခြုံတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေဖို့ လေအိတ် ၆ လုံး ( 6 Airbags )၊ မဖြစ်မနေ အသုံးပြုသင့်တဲ့ ထိုင်ခုံခါးပတ် ( 3-Point ELR seatbelts )၊ ကားရဲ့ ဒုတိယတန်းမှာ ကလေးကားထိုင်ခုံအတွက် စိတ်ချလုံခြုံစေရန် ISOFIX for Child Seat တို့ကို တပ်ဆင်ထားပါတယ်။

 ဒါ့အပြင် မြို့တွင်း မြို့ပြင် သွားလာရာ မှာ လမ်းခရီး လုံခြုံမှု့ပေးနိုင်တဲ့ ABS ( Anti-Lock Brake System ) နှင့် EBD (Electronic Brake-force Distribution) တွေဖြစ်တဲ့ ဘရိတ်အားကို ဖြန့်‌ဝေပေးတဲ့စနစ်လမ်းကွေ့ လမ်းချိုး လမ်းချော်နေသော နေရာများမှာ  ‌ရှေ့နောက် ကားဘီးများကို ထိန်းချုပ်ပေးပြီး ယာဥ်ကိုတည်ငြိမ်မှု့ရှိစွာ မောင်းနှင်စေနိုင်တဲ့ VSC (Vehicle Stability Control )၊ မတ်စောက်သော အတက်လမ်းများမောင်းနှင်တဲ့အခါ ကားကို နောက်သို့ ပြန်မလှိမ့်စေရန် ထိန်းချုပ်ပေးတဲ့ HAC ( Hill-start Assist Control ) တို့ပါဝင်ပါတယ်။

Toyota Rush ရဲ့ Brochure ကို ဒီလင့်လေး ကနေ download လုပ်လို့ရနိုင်သလို Toyota Authorized Showroom  တွေမှာလဲ ရယူနိုင်ပါတယ်။

Comments