Brand New ကားဝယ်မ လား ဒါမှမဟုတ် Used ကားဝယ်မလား?

 


ကားဝယ်ဖို့စဉ်းစားတဲ့အခါ ဆုံးဖြတ်ဖို့အရေးကြီးတဲ့ အချက်တချက်က တော့ Brand New ကားဝယ်မ လား ဒါမှမဟုတ် Used ကားဝယ်မလားဆိုတာပါပဲ။  ခုနောက်ပိုင်းမှာ မြို့ကြီးတွေမှာနေသူတွေတင်မက နယ်မြို့တွေမှာ နေတဲ့သူတွေပါ Brand New ကားကိုရွေး ချယ် လာကြပါတယ်။ သူတို့တွေ ဘာ‌‌ကြောင့် Brand New ကားကိုဝယ်ဖို့ ရွေး ချယ် ကြတာလဲ? ကားအသစ်ဝယ်တဲ့သူတွေဆိုတော့ စိတ်ထဲမှာ အရင်က မြို့နေလူငယ် လူလတ်ပိုင်း လို့ထင်ခဲ့မိပေမဲ့ တကယ့်တကယ် ဝယ်ယူသူတွေဟာ နေရပ်အမျိုးမျိုးက အရွယ်စုံဖြစ်နေပါတယ်။ အဲ့ဒါနဲ့ မေးကြည့်တဲ့အခါ သူတို့ကားအသစ်ကိုဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဒါတွေကြောင့်ပါတဲ့။ အကြောင်းအရင်းကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပေမဲ့ စိတ်ဝင်စားဖို့တော့ အတော်ကောင်းပါတယ်။

·       ကားက အသစ်ဆိုတော့ နှစ်ကြာကြာ မောင်းနှင် အသုံးပြုနိုင်တယ်။ ချို့ယွင်းမှူ့တွေကို စိုးရိမ်စရာမလိုပဲ နှစ်အတော်ကြာကြာ မောင်းလို့ရတယ်။   Used ကား ရဲ့ သက်တမ်းထက် ပိုပြီး  Brand New ကားက ပိုပြီး မောင်းနှင် အသုံးပြု လို့ရပါတယ်။

·       ကားအသစ်က ( Warranty ) အာမခံချက်ပါတာကြောင့် ကားအသစ်တစ်စီးက နှစ် အနည်းငယ် (များသောအားဖြင့် သတ်မှတ်ပေးထားတဲ့ မိုင်) အတွင်း မှာ တစ်ခုခု ဖြစ်လာတယ် ဆိုရင်လည်း အာမခံထဲမှာအကျုံးဝင်တဲ့ အရာတွေဆို အခမဲ့ပြုပြင်ခွင့် ရှိတယ်။

·       ကားဟောင်း (Used Car)ကတော့ ယခင်ပိုင်ရှင်က ကားကို ကောင်းကောင်းမွန်မွန် အသုံးပြု ခဲ့သလား ဆိုတဲ့ ( History) တွေကို ပြန်ပြီး စစ်ဆေး ရတာမျိုး ပိုလုပ်ရပါမယ်။ ကားအသစ်မှာ ( History) အတွက်ပူစရာ မလိုဘာဘူး။ ကားအသစ်က အသစ်စက်စက်ဖြစ်ပြီး စက်ရုံမှ တိုက်ရိုက်လာလို့ပါပဲ။

·       ယခုလို နည်းပညာတွေ တိုးတက်နေတဲ့ ကာလမှာ ကားအသစ်တွေရဲ့ တည်ဆောက် တပ်ဆင်မှု့ နည်းပညာကလည်း အချိန်တိုင်းတိုးတက်နေပါတယ်။ ကားအသစ် တွေမှာ နောက်ဆုံးပေါ် စွမ်းဆောင်ရည်နည်းပညာများပါလာပါပြီ။

·       နှစ်အနည်းငယ်အတွင်း ကားသစ်တွေ မှာ ရနိုင်တဲ့ လုံခြုံရေးနည်းပညာက တဟုန်ထိုး တိုးတက်လာပြီး အလိုအလျောက် အရေးပေါ်ဘရိတ်ဖမ်းခြင်း၊   လိုက်လျောညီထွေစွာ မောင်းနှင်နိုင်တဲ့  Cruise Control နှင့် ယာဉ်ထိန်းစနစ်အကူအညီများ စတဲ့ သက်တောင့်သက်သာ ဖြစ်စေပြီး လုံခြုံမှု့ အတွက် စံနှုန်းပြည့် စနစ်အသစ်များ က ကားသစ်များမှာ ထည့်သွင်း တပ်ဆင်ထားပါတယ်။  Toyota Safety Sense အကြောင်း ဒီမှာဖတ်ကြည့်လို့ရပါတယ်။  


·       ပိုပြီးသိသာစေတာ က လွန်ခဲ့သောနှစ်အနည်းငယ်က တည်ဆောက်ထားတဲ့ ကားတစ်စီးမှာ ၅ လက်မ Infotainment Display ပါ၀င် နိုင်ခဲ့ပေမယ့် ယနေ့ခေတ်ကားသစ်များမှာတော့ ၈ လက်မ ဒါမှဟုတ် ပိုကြီးတဲ့ မျက်နှာပြင်များပါပါတယ်။ Interfaces များတိုးတက်လာတာကြောင့် ခေတ်မီ Touch Screen များက Function အမျိုးမျိုးလုပ်ဆောင်ပေးနိုင်ပါတယ်။

·       ကားသစ်တွေ မှာ နည်းပညာမြင့် တာဘိုချာဂျာလေးလုံး နှင့် ဆလင်ဒါခြောက်လုံး တပ် မော်တာများကို အစားထိုးထား တာကြောင့် ယနေ့ခေတ် ကားများတွင် V8 နှင့် V6 အင်ဂျင်များကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကားအသစ် က လောင်စာဆီ လျော့ကျပေးနိုင်စွမ်း ကိုပါ အထောက်အကူဖြစ်စေပါတယ်။

·       ကားအသစ် ကို ဝယ်ယူရတာ က ပိုမိုလွယ်ကူပါတယ်။ Online Website တွေကနေ စိတ်ကြိုက် ရှာဖွေလေ့လာနိုင်ပြီး  ကိုယ်ကြိုက်နှစ်သက် ရာ အရောင်းပြခန်းမှာ ပဲ သက်တောင့်သက်သာ အဆင်ပြေပြေ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ပါတယ်။ မဝယ်ယူခင်မှာလဲ ကိုယ်သဘောကျတဲ့ model အချို့ကို စမ်းသပ်မောင်းနှင် (Test Drive) ကြည့်ပြီး တကယ်ကြိုက်နှစ်သက်တဲ့ကားကို ဝယ်ယူလို့ရတယ်။

·       ကားအသစ်ဝယ်ယူတဲ့အခါ သုံးလိုက်ရတဲ့ငွေဟာများပေမဲ့ ဒီကားတစ်စီးကိုစီးနေရတဲ့အချိန်ကုန်ကျမဲ့ ငွေ (Lifetime Value) ရယ် ပြန်ရောင်းတဲ့အခါရမဲ့ တန်ဖိုး (Resale Value)ရယ်ကို စဉ်းစားကြည့်ရင် ကားအသစ် ဝယ်စီးရတာတန်တယ်။

ဒါကသူတို့တွေအမြင်ပါ။

မိတ်ဆွေတို့ရော ဘယ်လိုစဉ်းစားမိလဲ။ ထင်မြင်ချက်လေးတွေကို အောက်က မှာရေးသွားပေးပါလား။

Comments